ပေရသိ နိုင်ငံ ကို အစိုးရသောမင်း မူကား ၊ အရက် နှစ် ဆယ်တရက် ပတ်လုံးငါ့ ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်း စုထဲက မိက္ခေလ သည် ငါ့ ကို အကူ လာ ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိ မင်းကြီး တို့ထံမှာ ဆိုင်းလင့် ၍ နေရ၏။