ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။