ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။