မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ ။