ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့ နိုင်ငံ ၏ အသရေ ဘို့ ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင် သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင် ထက် တိုးပွါး၏။