အကယ်စင်စစ်ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်၊ လွှဲ သွား၍ ပညတ် တရားတော်ကို လွန်ကျူး ကြပါပြီ။ သို့ဖြစ်၍ ၊ ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် ၊ ကျိန်ဆို တော်မူ ခြင်းတည်းဟူသော၊ ဘုရား သခင်၏ ကျွန် မောရှေ ၏ ပညတ္တိ ကျမ်း၌ မှတ်သား သော အကျိန် ကို အကျွန်ုပ် တို့ အပေါ် သို့ သွန်းလောင်း တော်မူ၏။