ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 8:41
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။
အာဗြဟံ သည် အကျွန်ုပ် တို့ကိုမ သိ ၊ ဣသရေလ သည် လက် မ ခံသော်လည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ ရှေး ကာလမှ စ၍အကျွန်ုပ် တို့ကို ရွေးနှုတ် သော ဘုရားဖြစ်တော်မူ၏။
ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထား ရ အံ့နည်း။ သာယာ သောပြည် ၊ တိုင်း နိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေ ခံရာ ပြည်ကိုသင့် အား အဘယ်သို့ပေး ရအံ့နည်းဟု ငါ မေး သောအခါ၊ သင်သည် ငါ့ ကို အကျွန်ုပ် အဘ ဟူ၍ ခေါ် ရလိမ့်မည်။ ငါ့ ထံမှ လွှဲ ၍ မ သွားရဟု ငါပြန်ပြော ၏။
ထိုမှတပါး၊ သင်ဘွား သော ငါ ၏ သားသမီး တို့ကို ယူ ၍ ၊ ထို ရုပ်တုတို့အား ကျွေးမွေး ခြင်းငှါ ယဇ် ပူဇော်လေပြီ။
သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
သား သည် အဘ ကို ရိုသေ တတ်၏။ ကျွန် သည် သခင် ကို ကြောက်ရွံ့တတ်၏။ ငါ သည် အဘ မှန်လျှင် ၊ ငါ့ ကို အဘယ်သူ ရိုသေ သနည်း။ သခင် မှန်လျှင် ၊ အဘယ်သူ ကြောက်ရွံ့ သနည်းဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် နာမ တော်ကို မထီမဲ့မြင် ပြုသော ယဇ်ပုရောဟိတ် တို့အား မေး တော်မူ၏။ အကျွန်ုပ်တို့သည် နာမ တော်ကို အဘယ်သို့ မထီမဲ့မြင် ပြုပါသနည်းဟု သင်တို့ မေး ရာတွင် ၊
ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။