¶ ထို အရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန် မြစ်တစ်ဘက် ကို ရှောက်သွားသဖြင့် ယုဒ ပြည် စွန်းသို့ ရောက် တော်မူ၏။ လူ များတို့သည် အထံ တော်၌ စုဝေး ပြန် ၍၊ ထုံးစံ ရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမ ဩဝါဒပေးတော်မူ၏။