TSK

TSK · ရှင်မာကုခရစ်ဝင်။ 5:40

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။

ထိုသိတင်းကို ဟောရနိ လူသမ္ဘာလတ် ၊ ကျွန် ခံသူ အမ္မုန် အမျိုးသားတောဘိ ၊ အာရပ် အမျိုးသားဂေရှင် တို့ သည် ကြား လျှင် ၊ ပြက်ယယ် ပြု၍ သင် တို့သည် အဘယ် သို့ပြု ကြမည်နည်း။ ရှင်ဘုရင် ကို ပုန်ကန် ကြမည်လောဟု ကဲ့ရဲ့ လျက်ဆို ကြ၏။

အကျွန်ုပ် ကိုမြင် သမျှ သောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်း ဖြဲ ခြင်း၊ ခေါင်း ညိတ် ခြင်းကို ပြုကြပါ၏။

ဖြူစင် သောအရာ ကို ခွေး တို့အား မ ပေး ကြနှင့်။ ပုလဲ ရတနာတို့ကို ဝက် တို့ရှေ့ မှာမ ချ မထားကြနှင့်။ သို့ပြုလျှင်ထိုအရာတို့ကို ကျော်နင်း ၍ သင် တို့ကိုလှည့် လျက် ကိုက်ဖြတ် ကြလိမ့်မည်။

သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။