All books in မြန်မာကျမ်းစာ

တောလည်ရာကျမ်း 1

မြန်မာကျမ်းစာ · chapter 1

36 kapitoly

မြန်မာကျမ်းစာ / တောလည်ရာကျမ်း / kapitola 1

မြန်မာကျမ်းစာ · chapter 1

1 ¶ ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ဒုတိယ လ ၊ ပဌမ နေ့၌ သိနာ တော တွင် ပရိသတ်စည်းဝေး ရာ တဲ တော်မှာ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2 သင် နှင့် အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် တို့တွင်၊ အသက် နှစ်ဆယ် လွန် ၍၊

3 စစ်တိုက် နိုင်သောယောက်ျား အပေါင်း တို့ကို သူ တို့အဆွေအမျိုး အသီးသီးအလိုက် စာရင်း ယူ လျက်၊ တပ်ခင်းကျင်း ၍ရေတွက် လော့။

4 အမျိုးအနွယ် အသီးသီးတမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီး ဖြစ်သော လူတို့သည် သင် တို့နှင့်အတူ ကူညီ၍ ထိုအမှုကိုဆောင်ရကြမည်။

5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင် အမျိုး၊ ရှေဒုရ သား ဧလိဇုရ။

6 ရှိမောင် အမျိုး၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ။

7 ယုဒ အမျိုး၊ အမိနဒပ် သား နာရှုန်။

8 ဣသခါ အမျိုး၊ ဇုအာ သား နာသနေလ။

9 ဇာဗုလုန် အမျိုး၊ ဟေလုန် သား ဧလျာဘ။

10 ယောသပ် သား တွင်၊ ဧဖရိမ် အမျိုး၊ အမိဟုဒ် သား ဧလိရှမာ ၊ မနာရှေ အမျိုး၊ ပေဒါဇုရ သား ဂါမလျလ။

11 ဗင်္ယာမိန် အမျိုး၊ ဂိဒေါနိ သား အဘိဒန်။

12 ဒန် အမျိုး၊ အမိရှဒဲ သား အဟေဇာ။

13 အာရှာ အမျိုး၊ ဩကရန် သား ပါဂျေလ။

14 ဂဒ် အမျိုး၊ ဒွေလ သား ဧလျာသပ်။

15 နဿလိ အမျိုး၊ ဧနန် သား အဟိရ တည်း။

16 ဤသူ တို့သည် ပရိသတ် တွင် ကျော်စော သောသူ၊ အဆွေအမျိုး သူကြီး မင်းဖြစ်၍၊ဣသရေလ အမျိုး ၌ လူတထောင်စီအုပ်ရသောသူဖြစ် ကြသတည်း။

17 ထိုသို့နာမည် ဖြင့် ရွေး တော်မူသော ထို သူ တို့ကို၊ မောရှေ နှင့် အာရုန် သည်ခေါ် ၍ ၊

18 ဒုတိယ လ ၊ ပဌမ နေ့၌ ပရိသတ် အပေါင်း ကို စည်းဝေး စေပြီးမှ ၊ အဆွေအမျိုး စာရင်းကို ဘော်ပြ ၍၊ အနှစ် နှစ်ဆယ် အလွန် သောသူတို့၏ နာမည် ပေါင်း ကို မှတ်သဖြင့်၊

19 ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူ သည်အတိုင်း ၊ သိနာ တော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက် လေ၏။

20 ဣသရေလ ၏သားဦး ၊ ရုဗင် ၏အမျိုးသား တို့တွင်၊ အဆွေအမျိုး အသီးအသီးလိုက်၍ နာမည် များကို စာရင်း ၌ မှတ်သားသည်အတိုင်း၊

21 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ခြောက်ထောင်ငါး ရာ ရှိကြ၏။

22 ရှိမောင် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

23 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျား ပေါင်း ငါးသောင်း ကိုးထောင်သုံး ရာ ရှိကြ၏။

24 ဂဒ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊

25 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိကြ၏။

26 ယုဒ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

27 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက် ရာ ရှိကြ၏။

28 ဣသခါ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး ကိုလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

29 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း လေးထောင်လေး ရာ ရှိကြ၏။

30 ဇာဗုလုန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

31 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင်လေး ရာ ရှိကြ၏။

32 ယောသပ် မှ ဆင်းသက်သော ဧဖရိမ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊

33 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါး ရာ ရှိကြ၏။

34 မနာရှေ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

35 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိကြ၏။

36 ဗင်္ယာမိန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

37 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း ငါးထောင်လေး ရာ ရှိကြ၏။

38 ဒန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊

39 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ခြောက်သောင်း နှစ်ထောင်ခုနစ် ရာ ရှိကြ၏။

40 အာရှာ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

41 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း တထောင်ငါး ရာ ရှိကြ၏။

42 နဿလိ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊

43 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း သုံးထောင်လေး ရာ ရှိကြ၏။

44 ထိုသို့ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုး၌ အဆွေအမျိုး သူကြီးဖြစ်သော မင်း ဆယ် နှစ် ပါးတို့သည်

45 ဣသရေလ အမျိုးသား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း၊

46 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော လူပေါင်း ကား ခြောက် သိန်းသုံး ထောင်ငါး ရာ ငါး ဆယ်ရှိ သတည်း။

47 လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊

48 ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

49 လေဝိ သား တို့ကို၊ ဣသရေလ အမျိုးသား တို့နှင့် ရောနှော၍ မ ရေတွက် ရ။ စာရင်း ထဲ၌မ သွင်း ရ။

50 လေဝိ သားတို့အား သက်သေခံ ချက် တဲ တော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှ ကို ၎င်း၊ တဲ တော်နှင့်ဆိုင်သမျှ တို့ကို၎င်းအပ် ၍၊ သူတို့သည် တဲ တော်နှင့် တဲ တော်တန်ဆာ အလုံးစုံ ကို ဆောင်ရွက် ရကြမည်။ တဲ တော်မှုကိုလည်း ထမ်း ရကြမည်။ တပ်ချသောအခါ၊ တဲ တော်ပတ်လည် ၌ မိမိတို့နေရာ ချရကြမည်။

51 တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။

52 ဣသရေလ အမျိုးသား တို့သည် တပ်ချ သောအခါ ၊ အလုံးအရင်း တရှောက်လုံး၊ လူတိုင်း မိမိ ဆိုင်သော တပ် တွင် မိမိ ဆိုင်သော အလံ နားမှာ မိမိတဲကို ဆောက်ရမည်။

53 ဣသရေလ အမျိုးသား စည်းဝေးရာ၊ ပရိသတ် အပေါ် မှာ အမျက် တော်မ သက်ရောက် စေခြင်းငှါ ၊ လေဝိ သားတို့သည် သက်သေခံ ချက် တဲ တော်ပတ်လည် ၌ နေရာ ချ၍ ၊ သက်သေခံ ချက်တဲ တော်ကို စောင့်ရှောက် ရမည် ဟု၊

54 မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။