TSK

TSK · သုတ္တံကျမ်း။ 17:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

အနတ္တ ကို ပမာဏ မပြုစေခြင်းငှါ အကျွန်ုပ် မျက်စိ ကို အခြားသို့ လွှဲ တော်မူပါ။ လမ်းခရီး တော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။

ဉာဏ် ကောင်းသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို ရှာ တတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် ခြင်းကို ကျက်စား တတ်၏။

ပညာရှိ သောသူ၏ မျက်စိ တို့သည် သူ ၏ ဦးခေါင်း ၌ ရှိ၏။ မိုက် သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည် တတ်၏။ သို့သော်လည်း ထိုသူ အပေါင်း တို့သည် တခု တည်းသောအမှု နှင့် တွေ့ကြုံတတ်သည် ကို ငါရိပ်မိ ၏။

¶ အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။

လောက ၌ ရှိသမျှ သော အရာတည်းဟူသောကိုယ် ကာယတပ်မက် ခြင်း၊ မျက်စိ တပ်မက် ခြင်း၊ လောကီ စည်းစိမ် ၌ဝါကြွား ခြင်းတို့သည် ခမည်းတော် နှင့်မ စပ်ဆိုင် ၊ လောက နှင့်သာစပ်ဆိုင် ကြ၏။