TSK

TSK · သုတ္တံကျမ်း။ 22:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Zpět na pasáž

ထာဝရ ဘုရား၏ သန့်ရှင်း သူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြလော့။ ကြောက်ရွံ့ သောသူတို့၌ ဆင်းရဲ ခြင်းမ ရှိရာ။

¶ ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။

ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။

ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။

ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။

ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။