ဣသရေလ အမျိုးသည် တော ၌ လှည့်လည် စဉ် အခါ၊ ထာဝရဘုရား သည် ထိုသို့ မောရှေ အား မိန့် တော်မူသောနေ့မှစ၍ ယခုတိုင်အောင်အမိန့် တော်ရှိသည်အတိုင်း ၊ အနှစ် လေး ဆယ်ငါး နှစ်ပတ်လုံးအကျွန်ုပ် အသက် ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့ မှာ အကျွန်ုပ် သည် အသက် ရှစ် ဆယ်ငါး နှစ်ရှိပါပြီ။
TSK
TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:15
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တဖန် ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။
¶ ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင် သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူ လေ၏။
အကျွန်ုပ် ကို အို သောအခါ ပယ် တော်မ မူပါနှင့်။ အား လျော့ သောအခါ စွန့်ပစ် တော်မ မူပါနှင့်။
အကျွန်ုပ် ၏အသား နှင့် နှလုံး သည် ပျက် ကြပါ ၏။ သို့သော်လည်း၊ ဘုရား သခင်သည် အကျွန်ုပ် နှလုံး ၏ အစွမ်း သတ္တိ၊ အကျွန်ုပ် အစဉ် အမြဲခံစားရာအဘို့ ဖြစ်တော်မူ၏။
ထာဝရဘုရား သည် အစဉ် အမြဲတည် တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီး စွန်း တိုင်အောင် ဖန်ဆင်း တော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မော တော်မူခြင်း၊ ပင်ပန်း တော်မူခြင်းမ ရှိ၊ စစ် ၍ မ ကုန်နိုင် သော ဉာဏ် နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိ မကြားဘူးသလော။
လူမျိုး ရှိသမျှ သည်လည်း မြက် ပွင့်ကဲ့သို့ ဖြစ်၏။ လူမျိုး ၏ ဘုန်း ရှိသမျှ သည်လည်း မြက် ပွင့် ကဲ့သို့ ဖြစ်၏။ မြက်ပင် သည်ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။