TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:22

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သို့ဖြစ်၍ ထို နေ့ ၌ ထာဝရဘုရား မိန့် တော်မူသော ဤ တောင် ကို အကျွန်ုပ် အား ပေး ပါ။ ဤတောင်ပေါ်မှာ အာနက လူရှိကြောင်း ကို၎င်း၊ ကြီးမား ခိုင်ခံ့ သော မြို့ တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထို နေ့ ၌ ကိုယ်တော် သည် ကြား ရပြီ။ သို့ရာတွင် ထာဝရဘုရား သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူလျှင်၊ အမိန့် တော်ရှိသည်အတိုင်း ထိုသူ တို့ကို နှင်ထုတ် ခြင်းငှါအကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက် ဆို၏။

ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။

ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပညာရှိ သောသူသည် မိမိ ပညာ ၌ မ ဝါကြွား စေနှင့်။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ၌ မ ဝါကြွား စေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိ ဥစ္စာ ၌ မ ဝါကြွား စေနှင့်။

မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။