TSK

TSK · တမန်တော်ဝတ္ထု။ 13:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် တို့သည် ကျွန်ုပ် ကို ညှဉ်းဆဲ မည်ကြံ ကြသော်လည်း ၊ ဘုရားသခင် သည် ယနေ့ ဖြစ်သည်အတိုင်း ၊ လူ များ အသက် ချမ်းသာစေခြင်းငှါ ကျေးဇူး ပြု မည် ကြံ တော်မူ၏။

သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။

ထိုသူ ကို ယဇ်ပုရောဟိတ် အကြီးနှင့် ငါ တို့မင်း များသည် အသေ သတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ ၍ လက်ဝါးကပ်တိုင် မှာ ကွပ်မျက် ကြပြီ။

တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။

ထိုသူတို့သည် ငါ့ ကိုစေလွှတ် တော်မူသောသူ ကို မ သိ သည်ဖြစ်၍ ၊ ငါ ၏နာမ ကြောင့် သင် တို့အား ထို အမှု ရှိသမျှတို့ကို ပြု ကြလိမ့်မည်။

ထိုနောက်မှ ကျမ်းစာ ပြည့်စုံ စေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီး သည်ကို သိ တော်မူလျှင်၊ ရေငတ် သည်ဟု မိန့် တော်မူ၏။

ယခု လည်း ညီအစ်ကို တို့၊ သင်တို့မှစ၍အစိုးရ သောသူတို့သည် မ သိဘဲလျက်ထိုသို့ ပြု ကြသည်ကို ငါသိ ၏။

အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။

နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။

ညီအစ်ကို တို့၊ သင်တို့သည် ဝါကြွား သောစိတ်မ ရှိ စေမည်အကြောင်း ၊ တစ်ပါး အမျိုးသားအပေါင်းတို့သည် မ ဝင် မှီတိုင်အောင်၊ ဣသရေလ လူအချို့တို့ကို မှောင်မိုက် ဖုံးလွှမ်း ခြင်းအကြောင်း တည်းဟူသောနက်နဲ သောအရာ ကို မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ။

သူ တို့စိတ်နှလုံး သည် မိုက်မဲ လျက်ရှိ၍ ၊ ယခု တိုင်အောင် ဓမ္မကျမ်းစာ ကို ဖတ် ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ် လျက်ရှိ၏။ အကြောင်းမူကား ၊ ခရစ်တော် အားဖြင့် သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း ရ၏။

ငါ သည်ကဲ့ရဲ့ သောသူ၊ ညဉ်းဆဲ သောသူ၊ ကြမ်းကြုတ် သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာ ရှိသောသူဟု ထိုသခင်သည် မှတ် ၍၊ ဓမ္မဆရာ အရာ၌ ခန့်ထား တော်မူ၏။ ထိုသို့ငါပြု သောအခါယုံ ခြင်းမရှိ ၊ အမှန်မ သိဘဲ ပြုသောကြောင့် ၊ ကရုဏာ တော်ကိုငါခံရပြီ။