TSK

TSK · တမန်တော်ဝတ္ထု။ 13:43

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ လူ တစ် ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာကုန်းကြောင်း ရေကြောင်း ပတ်ပတ် လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိ တို့ထက် နှစ်ဆသောငရဲ သား ဖြစ် စေကြ၏။

ငါ သည် စပျစ် နွယ်ပင်ဖြစ် ၏။ သင် တို့သည်အခက် များဖြစ်ကြ၏။ အကြင်သူ သည် ငါ ၌ တည် ၍ ငါ သည် လည်းသူ့ ၌ တည်၏၊ ထိုသူ သည် များစွာ သောအသီး ကိုသီး တတ်၏။ ငါ နှင့်ကွာ လျှင် သင်တို့သည် အဘယ် အမှု ကိုမျှ မ တတ်နိုင်ကြ။

ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊

ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။

ထိုသို့ပြန်ကြစဉ်၊ တပည့် တော်များ၏ စိတ် နှလုံးကို မြဲမြံ ခိုင်ခံ့စေသဖြင့်၊ ယုံကြည် ခြင်း၌ တည်ကြည် မည်အကြောင်း နှိုးဆော် ချီပင့်၍ ၊ ငါ တို့သည် များပြား သောဆင်းရဲ ဒုက္ခကိုခံ၍ ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။

ထိုသူ အချို့ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ ၊ ပေါလု ၊ သိလ တို့နှင့် ပေါင်းဘော် ကြ၏။ ဘုရား ကို ကိုးကွယ်သော ဟေလသ လူ အပေါင်း တို့နှင့် ထင်ရှား သော မိန်းမ များ တို့လည်း ယုံကြည်ကြ၏။

လူ အချို့ တို့သည် ပေါလု ၌ မှီဝဲ ဆည်းကပ်၍ ယုံကြည် ခြင်းသို့ ရောက်ကြ၏။ ထိုသူ တို့အဝင် ဒယောနုသိ အမည်ရှိသော အာရေ တောင် မင်းတစ်ယောက်၊ ဒမာရိ အမည် ရှိသောမိန်းမ တစ်ယောက်မှစ၍ အခြား သောသူရှိ ကြ၏။

နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။

ထို ကျေးဇူး တော်ကို ခံစား ရသည်အကြောင်း မှာ ယုံကြည် ခြင်းရှိ၍၊ ထိုသခင် အားဖြင့် သာခံစားသော အခွင့် ကို ရ ကြ၏။ သို့ဖြစ်၍ ဘုရားသခင် ၏ဘုန်း တော်ကို မြော်လင့် ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။

ကျေးဇူး တော်အားဖြင့်ရှိလျှင် ၊ ကိုယ်ကျင့်သောအကျင့် အားဖြင့် မ ရှိ၊ ရှိလျှင်ကျေးဇူး သည် ကျေးဇူး မ ဟုတ် ။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။

¶ သင် တို့သည် ဘုရားသခင် ၏ကျေးဇူး တော်ကို အကျိုးမဲ့ မ ခံ ကြနှင့်ဟု ငါတို့သည် အမှု တော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍သင်တို့ကို နှိုးဆော်သွေးဆောင် ကြ၏။

ပညတ် တရားအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော် နှင့် ကွာ ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ ကြပြီ။

သို့မဟုတ် သော်လည်း၊ ယခုမှီ သမျှ အတိုင်း တနည်း တည်းကျင့် ၍ တစ်သဘောတည်းရှိရကြမည်။။

တိုက်မြစ် ကျခြင်း၊ တည်ကြည် ခြင်းနှင့်တကွမြဲမြံ စွာယုံကြည် ကြလျှင် ၊ သန့်ရှင်း စင်ကြယ်လျက် အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင် တို့ကို ရှေ့ တော်၌ ဆက်သ မည်အကြောင်းတည်း။။

ငါတို့ခံရသောဆင်းရဲ ခြင်းကြောင့် အဘယ်သူ မျှ မရွေ့လျော့ မည်အကြောင်း၊ သင် တို့ကိုမြဲမြံ စေ၍ ၊ ယုံကြည် ခြင်းအရာ ၌သင် တို့ကို တိုက်တွန်း နှိုးဆော်စေခြင်းငှာသူ့ကို ငါလွှတ်လိုက်၏။

သင် တို့ရှိသမျှ သည် ပျင်းရိ ခြင်းနှင့် ကင်းလွတ် ၍၊ ယုံကြည် ခြင်းနှင့် သည်းခံ ခြင်းအားဖြင့် ဂတိ တော် တို့ကို အမွေခံ ရသောသူ တို့နည်းတူကျင့် နိုင်မည်အကြောင်း

အထူးထူး အပြားပြားသော အယူဝါဒ သစ် ကို လိုက်၍ မ ဖောက်ပြန် ကြနှင့်။ အစာ များအားဖြင့်စိတ် ခိုင်ခံ့မြဲမြံခြင်းမ ရှိဘဲ၊ ကျေးဇူး တော်အားဖြင့်ခိုင်ခံ့ မြဲမြံလျှင် အကျိုး ရှိ၏။ အစာ များကို အမှု ထားသော သူ တို့သည် အကျိုး ကိုရကြပြီမ ဟုတ်

ထိုသို့ မြော်လင့် ခြင်းရှိသောကြောင့်၊ ချစ်သူ တို့၊ သင်တို့သည် အညစ်အကြေး နှင့် ကင်းစင်၍ အဘယ် အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ် စွာရောက်မည် အကြောင်း ကြိုစား အားထုတ်ကြလော့။

ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။