သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။
TSK
TSK · တမန်တော်ဝတ္ထု။ 2:35
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ့ ကိုတောင်း လော့။ လူ အမျိုးမျိုးတို့ကို သင် ၏ အမွေ ဥစ္စာဘို့ ငါပေး မည်။ မြေကြီး စွန်း တိုင်အောင်ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
ကိုယ်တော် ၏လက် သည် ရန်သူ အပေါင်း တို့ကိုတွေ့ ၍ ၊ ကိုယ်တော် ကိုမုန်း သောသူတို့ကို လက်ျာ လက်တော်သည် တွေ့ တော်မူမည်။
ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
သင့် ကို ညှဉ်းဆဲ သောသူတို့ ၏သား တို့သည် သင့် ထံသို့ လာ ၍ ဦးချကြလိမ့်မည်။ သင့် ကို မထီမဲ့မြင် ပြုသောသူအပေါင်း တို့သည် သင် ၏ခြေ ရင်း၌ ဝပ် နေကြ လိမ့်မည်။ ထာဝရဘုရား ၏မြို့ ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ဇိအုန် မြို့ဟူ၍၊ သင့် ကို သမုတ် ကြလိမ့်မည်။
ထိုမှတပါး ငါ ၏အအုပ်အချုပ် ကို မ ခံလို သော ငါ့ ရန်သူ တို့ကို ခေါ် ခဲ့ကြ။ ငါ့ ရှေ့ မှာ သတ် ကြဟု စီရင် တော်မူသည် ဟု မိန့်တော်မူ၏။
ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် မ ကြာမမြင့်မှီ စာတန် ကို သင် တို့ခြေ အောက် ၌ နှိပ်စက် တော်မူမည်။ ငါ တို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည်သင် တို့၌ ရှိပါစေသော။
အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များသောဂေါဂ ၊ မာဂေါဂ တည်းဟူသောမြေကြီး လေး မျက်နှာ ပေါ်မှာ နေသော လူ အမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက် ဘို့ စည်းဝေး စေခြင်းငှာ၎င်း တက် လိမ့်မည်။