ထာဝရဘုရား သည် သင် တို့နှင့် သင် တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွား စေတော်မူမည်။
TSK
TSK · တမန်တော်ဝတ္ထု။ 2:39
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။
သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။
ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
ထိုမြို့သို့ရောက် ပြီးလျှင် သင်းဝင် သူ တို့ကို စုဝေး စေ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် သည် ပြု တော်မူသမျှ တို့ကို၎င်း ၊ ယုံကြည် ခြင်း တံခါး ကို တစ်ပါး အမျိုးသားတို့အား ဖွင့် တော်မူကြောင်း ကို၎င်း ပြန်ကြား ကြ၏။
စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။
ထိုသို့ ခွဲခန့် မှတ်သားနှင့်သောသူ တို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူ တို့ကိုလည်း ဖြောင့်မတ် ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည် စေတော်မူသောသူ တို့ကိုလည်း ချီးမြှောက် တော်မူ၏။
ယုဒ အမျိုးသားတို့အထဲ မှသာ မ ဟုတ်၊ တစ်ပါး အမျိုးသားတို့အထဲ မှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ် တော်မူသောငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှား စေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ် ထားတော်မူခြင်း ကျေးဇူး သည် ဖောက်ပြန် ခြင်းသဘောမရှိ၊
ခေါ် တော်မူသောကြောင့် မြော်လင့် ရသောအရာကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့ သည် ခံရသောအမွေ တော်၏ ဘုန်း စည်းစိမ် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊
ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။
ထိုကြောင့် ငါ တို့ဘုရားသခင် နှင့် အရှင် ယေရှု ခရစ် ၏ ကျေးဇူး တော်အတိုင်း ၊ ထိုသခင် ၏နာမ တော်ကို သင် တို့အားဖြင့် ဘုန်း ထင်ရှားစေခြင်းငှာ ၎င်း၊ သင် တို့ကိုလည်း ထိုသခင် အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာ၎င်း၊
ဘုရားသခင်သည် ငါ တို့ကျင့်သောအကျင့် ကို ထောက်တော်မ မူ။ ရှေး ကပ်ကာလ မ ရောက်မှီ၊ ယေရှု ခရစ် အားဖြင့် ငါ တို့အဘို့ ကိုယ်တော် တိုင်ကြံစည် တော်မူသော ကျေးဇူး တော်နှင့်အညီငါ တို့ကိုကယ်တင် ၍၊ သန့်ရှင်း သောအရာ၌ ခေါ်သွင်း တော်မူ၏။
ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက် ၌ ပြစ်မှားသောအပြစ် ကိုလည်း လွတ် စေခြင်းငှာ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူ တို့သည် ဂတိ တော်နှင့်ယှဉ်သော ထာဝရ အမွေ ကို ခံရ မည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ် တရားသစ် ၏ အာမခံ ဖြစ်တော်မူ ၏
ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား တန်ခိုး တော်သည် ပေး သနားတော်မူပြီ။
ထိုသူတို့သည် သဘော တူ ၍ မိမိ တို့တန်ခိုး အာဏာစက် ကို သားရဲ ၌ အပ်ပေး ကြလိမ့်မည်။