မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။
TSK
TSK · အာမုတ်အနာဂတ္တိကျမ်း။ 4:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မြေကြီး ပေါ် မှာမြင့်မြတ် သော အရပ်တို့၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေ အသီးအနှံ ကိုစား ၍ ကျောက် ထဲ ကပျားရည် ကို၎င်း၊ မီး ပါကျောက် ထဲ ကဆီ ကို ၎င်း၊
နေ ကို မှာ ထားတော်မူ၍ သူသည်မ ထွက် ရ။ ကြယ် တို့ကိုလည်း ကွယ် ထားတော်မူ၏။
ကိုယ်တော်သည် တန်ခိုး နှင့် ပြည့်စုံ သဖြင့် ၊ အားကြီး ၍ တောင် များကို တည် စေတော်မူ၏။
အကျွန်ုပ် ထိုင် ခြင်း၊ ထ ခြင်းအရာတို့ကို သိ တော်မူ ၏။ အကျွန်ုပ် အကြံ အစည်တို့ကို အဝေး က ပင် နားလည် တော်မူ၏။
ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။
ငါသည် အလင်း ကိုလုပ် ၏။ အမိုက် ကိုလည်း ဖန်ဆင်း ၏။ ငြိမ်သက် ခြင်းကို ဖြစ် စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏။ ခပ်သိမ်း သော အမူအရာ တို့ကို ငါ ထာဝရဘုရား ပြု တော်မူ၏။
သန့်ရှင်း သော မြို့ တော်အလိုက် ၊ ကိုယ်ကိုကိုယ်သမုတ် သောသူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား တည်းဟူသောဘွဲ့ နာမရှိသော ဣသရေလ အမျိုး ၏ ဘုရား သခင်ကို မှီခို သောသူတို့၊ နားထောင် ကြလော့။
ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟု ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူသည်ကား၊ ငါ သည် အသက် ရှင်သည်ဖြစ်၍၊ တောင် တို့တွင် တာဗော် တောင် ကဲ့သို့ ၎င်း ၊ ပင်လယ် နား မှာကရမေလ တောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာ လိမ့်မည်။
ယာကုပ် အမျိုး၏ အဘို့ ဖြစ်သောဘုရားသည် ထိုသို့ သောအရာနှင့်တူ တော်မ မူ။ ခပ်သိမ်း သောအရာ တို့ကို ဖန်ဆင်း သောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုး သည် အမွေခံ တော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ပေတည်း။
သို့ဖြစ်၍ ၊ သင် ၏ဘုရား သခင့်ထံ တော်သို့ ပြန်လာ လော့။ ကရုဏာ တရား၊ ဖြောင့်မတ်ခြင်းတရား ကို စောင့်ရှောက် ၍ ၊ သင် ၏ဘုရား သခင်ကို အစဉ် မပြတ်မြော်လင့် လော့။
ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊
ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည်၍ ကျိန်ဆို တော်မူသည်အတိုင်း၊ ယာကုပ် ၏မာန ကို ငါ ရွံရှာ ၍ သူ ၏ဘုံ ဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့ တော်နှင့် မြို့ ၌ရှိသမျှ ကို ငါစွန့်ပစ် မည်။
အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌ သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။
အရှင် ထာဝရဘုရား သည် ငါ ၏အစွမ်း သတ္တိဖြစ် တော်မူ၏။ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ ဖြစ် စေ၍ ၊ ငါ ၏မြင့် ရာအရပ် ပေါ် မှာ ငါ့ ကို နေရာ ချတော်မူမည်။
ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
လူ ၏အထဲ ၌ရှိ သမျှ ကို သိ တော်မူသောကြောင့် ၊ လူ ၏အကြောင်း ကို သက်သေခံ စေခြင်းငှာ အဘယ်သူ ကိုမျှအလို တော်မ ရှိ။