TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင့် အသက် တည်သည် ကာလ ပတ်လုံး သင့် ရှေ့ မှာ အဘယ်သူမျှမ ခံ မရပ်နိုင်ရာ။ မောရှေ နှင့်အတူ ငါရှိ သကဲ့သို့ သင် နှင့်အတူ ငါရှိ လိမ့်မည်။ ငါသည် သင့် ကို မ စွန့် ၊ သင့် ကိုပစ် ၍မ ထား။

ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထား ရ အံ့နည်း။ သာယာ သောပြည် ၊ တိုင်း နိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေ ခံရာ ပြည်ကိုသင့် အား အဘယ်သို့ပေး ရအံ့နည်းဟု ငါ မေး သောအခါ၊ သင်သည် ငါ့ ကို အကျွန်ုပ် အဘ ဟူ၍ ခေါ် ရလိမ့်မည်။ ငါ့ ထံမှ လွှဲ ၍ မ သွားရဟု ငါပြန်ပြော ၏။

အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။

ထိုအခါ တန်ခိုး ကြီးသော ရှင်ဘုရင် တပါးလည်း ပေါ် လာလိမ့်မည်။ အာဏာ တော်ကြီး လျက် အစိုးရ ၍ မိမိ အလို ရှိသည်အတိုင်း ပြု လိမ့်မည်။

သာယာ သောပြည် ကိုလည်းဝင် ၍ အများ သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။ သို့ရာတွင် ၊ သူ ၏ လက် မှ လွတ် သော သူဟူမူကား ၊ ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် အမျိုးသား အကြီး တို့သည် လွတ်ကြလိမ့်မည်။