အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 12:3
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။
ဓမ္မဒေသနာဆရာ သည် ပညာရှိ သည်အတိုင်း ၊ ပရိသတ် တို့အား ပညာ အတတ်ကို သွန်သင် လေ့ရှိ၏။ လုံ့လ ဝိရိယပြုလျက် များစွာ သော သုတ္တံ စကားတို့ကို ရှာဖွေ ၍စီရင်၏။
လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။
ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ ၏ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
အရှင်သည် မိမိ အိမ်သူ အိမ်သားအပေါင်းတို့အား အချိန်တန် လျှင် အစား အသောက်တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍၊ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့် ၎င်း ပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
စပါးရိတ် သောသူ သည် အခ ကိုခံရ ၍ ထာဝရ အသက် ရှင်ခြင်းအလိုငှာ အသီးအနှံ ကိုစုသိမ်း ၏။ သို့ဖြစ်လျှင် ပျိုးကြဲ သောသူ နှင့် စပါးရိတ် သောသူ တို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။
¶ အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။
ကောင်းကင် အကောင် အထည်လည်း ရှိ၏။ မြေကြီး အကောင် အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ် အသရေလည်း တမျိုး ၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တမျိုး ဖြစ်၏။
မဖြောင့် မမှန်ဖောက်ပြန် သောလူမျိုး အထဲ ၌ အဘယ် အပြစ်မျှမပါသော ဘုရားသခင် ၏ သား ဖြစ်ကြ လိမ့်မည်။ အသက် ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုး အထဲ ၌ ထွန်းလင်း ကြ၏။ သို့ပြုလျှင်ငါ သည် အကျိုး မရှိဘဲလျက် ပြေး သည်မ ဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစား အားထုတ်သည်မ ဟုတ်ကြောင်း ကို ငါထောက်၍ ခရစ်တော် ၏နေ့ရက် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိလိမ့်မည်။။
သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏
ငါ တို့ချစ် သော ညီ ပေါလု သည်၊ မိမိခံရသော ဉာဏ် ပညာအတိုင်း သင် တို့အား ရေး ၍ ပေး လိုက်သော စာ၌၎င်း၊ သူ သည်ဤ အရာများ ကိုပြော ၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌ ၎င်း ပါသည်နှင့်အညီ ၊ ငါ တို့ သခင် ဘုရားသည်းခံ တော်မူခြင်းသည် ကယ်တင် မည် အကြောင်း ဖြစ်သည်ဟုမှတ် ကြလော့။