ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:17
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
¶ ထာဝရဘုရား သည် ငါ ၏အလင်း ၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက် ရအံ့နည်း။ ထာဝရဘုရား သည် ငါ ၏ အသက် ခိုလှုံ ရာဖြစ်တော်မူ၏။ ငါသည် အဘယ် သူကိုမျှ ကြောက်လန့် ရအံ့နည်း။
¶ အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ့ ကို ကယ်တင် ခြင်း အကြောင်းသည် အထံ တော်က သက်ရောက်ရ၏။
ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။
ဘုရား သခင်သည် ငါ့ ကို ကယ်တင် သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့် သောစိတ် မ ရှိဘဲ ရဲရင့် မည်။ ထာဝရဘုရား သည် ငါ ချီးမွမ်း ရာ၊ ငါသီချင်း ဆိုရာ၊ ငါ့ ကို ကယ်တင် တော်မူသောအရှင်ဖြစ် တော်မူ၏။
သင်သည် ဖြောင့်မတ် ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲ ခြင်းနှင့် ဝေး သည်ဖြစ်၍ မ ကြောက် ရ။ ထိတ်လန့် ခြင်းသည်လည်း ဝေး၍၊ သင့် အနီးသို့ မ ရောက် ရ။
မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ ။
မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
နေ ၊ လ၊ ကြယ် နက္ခတ်တို့ကို တာရှည် စွာ မ မြင် ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီး သေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော် စရာ အခွင့်အလျှင်း မ ရှိ။
ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏