ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:27
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသာ ဘုရား သခင်ဖြစ်တော်မူသည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏
လူ အမျိုးမျိုးတို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုးအစွမ်း သတ္တိရှိတော်မူသည်ဟု ဝန်ခံ ကြလော့။ ရှိတော်မူသည်ဟု ဝန်ခံ ကြလော့။
သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
ထို သူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွတုပ် နှောင်၍၊ မီး လောင် လျက် ရှိသောမီးဖို ထဲသို့ ချ ပစ်ကြသောအခါ ၊
လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။
ဤ အရာများကိုအဂြိပ္ပမင်းကြီး သိ တော်မူ၏။ ထို မင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤ အမူအရာ တစ်စုံတစ်ခု ကိုမျှ မင်းကြီး မသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင် ပါ၏။ အကြောင်းမူကား ၊ ဤ အမှုသည် ဆိတ်ကွယ် ရာအရပ်၌ ပြု သောအမှု မ ဟုတ်ပါ။
မီး အရှိန် ကိုငြိမ်း စေခြင်း ဓား လက်နက်ဘေး နှင့်ကင်းလွတ် ခြင်း၊ အနာ မှ ထမြောက်၍ကျန်းမာ ခြင်း၊ စစ်တိုက် သောအခါ ခွန်အား နှင့်ပြည့်စုံ ခြင်း၊ တစ်ပါး အမျိုးသားတို့၏ တပ် များကို ဖျက်ဆီး ခြင်းအမှုများကို ပြုကြ၏