ဆင်းရဲ ငတ်မွတ် သောကြောင့်၊ သူတပါးများနှင့် မ ပေါင်းဘော်။ နက်နဲသောတော အရပ်နှင့် လူ ဆိတ်ညံရာအရပ် သို့ ပြေး ကြ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:25
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။
ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။
အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။
လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။