ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 6:28
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။
ဒံယေလ သည် ကုရု မင်းကြီး နန်းစံပဌမ နှစ် တိုင်အောင် ရှိ နေသတည်း။
¶ ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။