TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အိုထာဝရဘုရား ၊ လောကီ သား ဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက် ကို လက် တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူ တို့သည် ယခုဘဝမှာ မိမိတို့အဘို့ ကိုခံရကြပါ၏။ သူ တို့အလို ကို ဘဏ္ဍာတော်နှင့် ပြည့်စုံ စေ တော်မူ၏။ သူ တို့သားသမီး တို့သည်လည်း ကြွယ်ဝ ၍ ၊ မြေး မြစ်စသည်တို့၌ မိမိ တို့ဥစ္စာ ကို ချန် ထားကြပါ၏။

သဏ္ဌာန်ချင်းမ တူသော သားရဲ လေး ကောင်တို့ သည် သမုဒ္ဒရာ ထဲက ထွက် လာကြ၏။ ပဌမ သားရဲသည် ခြင်္သေ့ နှင့် တူ၏။ ရွှေလင်းတ အတောင် လည်း ရှိ၏။

¶ ယေရှု က၊ ငါ ၏နိုင်ငံ သည် ဤ လောက နှင့်မ စပ်ဆိုင် ။ ငါ ၏နိုင်ငံ သည် ဤ လောက နှင့် စပ်ဆိုင် လျှင် ၊ ငါသည် ယုဒ လူတို့လက်သို့မ ရောက် စေခြင်းငှာ ၊ ငါ ၏လူ တို့သည် တိုက်လှန် ကြလိမ့်မည် ။ ယခု မူကား ငါ ၏နိုင်ငံ သည် ဤ ဒေသအရပ်နှင့်မ စပ်ဆိုင် ဟု မိန့် တော်မူ၏။

သူတစ်ပါး ကို ဘမ်းဆီး ယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီး ယူသွားခြင်းကို ခံရ လိမ့်မည်။ ဓါး ဖြင့် သတ် တတ်သော သူ သည်လည်း ကိုယ်တိုင် ဓါး ဖြင့် သေ ရမည်။ ဤ အရာ၌ သန့်ရှင်း သူ တို့လည်း သည်းခံ စရာ အကြောင်း၊ ယုံကြည် စရာအကြောင်းရှိ ၏။