အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:15
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။
ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။
ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
ထိုစကားကို ငါ ကြား ၍ နား မ လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင် ၊
ထိုနောက်မှ ယေရှုသည် လူ အစုအဝေးများကိုလွှတ် ၍ အိမ် သို့ ဝင် တော်မူပြီးမှ၊ တပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ကြဲသောတော မျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အကျွန်ုပ် တို့အား ဘော်ပြ တော်မူပါဟု လျှောက် ကြလျှင်၊
ထိုအခါ လူ သား ၏နိမိတ် လက္ခဏာသည် ကောင်းကင် ၌ ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာလူ အပေါင်း တို့သည် ငိုကြွေး မြည်တမ်းကြ၍ ၊ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုး တိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကိုမြင် ရကြလိမ့်မည်။
ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”
ထို မီးခွက် ခုနှစ်လုံးအလယ် ၌ လူ သားတော်နှင့် တူ သောသူတစ်ဦးကို၎င်း မြင် ၏။ ထိုသူသည်ခြေ သို့ တိုင်အောင်ဝတ် ခြုံလျက်၊ ရင် တော်၌ ရွှေ ခါးပန်း ကို စည်း လျက်ဖြစ်၏။