သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် ၊ ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:11
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊
ထိုအမှုကို ထာဝရဘုရား မြင် သောအခါ ၊ အမျက် တော်ထွက်၍ သား သမီး တော်တို့ကို စွန့်ပစ် တော်မူလျက်၊
အကြောင်း မူကား၊ သူတို့သည်မိမိ တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ ဖွဲ့တော်မူသောပဋိညဉ် ကို၎င်း၊ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ ကို၎င်း၊ အမှု မ ထားလွန်ကျူး ကြ၏
ဆိုးယုတ် သောအမျိုး ၊ ဒုစရိုက် ဝန်ကို ထမ်းရွက် သော လူစု ၊ မတရား သဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီး ပါတကား။ ထာဝရဘုရား ကို စွန့် ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို မရိုမသေပြု၍ ပယ် ကြပြီ။ ကျော ခိုင်း၍ ခွာသွား ကြပြီ။
အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။
ငါ စေ့စေ့ နားထောင် သောအခါ ၊ သူတို့သည် ဖြောင့်မတ် စွာ မ ပြော ကြ။ ငါသည် အဘယ်သို့ ပြု မိ သနည်းဟု ကိုယ် အပြစ် ကို မြင်၍ အဘယ်သူ မျှနောင်တ မရ။ စစ်တိုက် ခြင်းငှာ မြင်း ပြေး သကဲ့သို့ ၊ ထိုသူ အပေါင်း တို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေး တတ်ကြ၏။
သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ ကိုစွန့် ၍၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် လျက်၊ ဝတ်ပြု ကိုးကွယ် သဖြင့် ငါ့ ကိုစွန့်ပစ် ၍၊ ငါ့ တရား ကို မ စောင့် သောကြောင့်၎င်း ၊
သင် တို့ပြု သောဒုစရိုက် ၊ စက်ဆုပ် ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရား သည် သည်းခံ တော်မ မူနိုင် သောကြောင့်၊ သင် တို့ပြည် သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ၊ ကျိန်ဆဲ ရာ ဖြစ် လေပြီတကား။
ယဇ်ပုရောဟိတ် တို့သည်လည်း ငါ ၏တရား ကို ဖျက် ၍ ၊ ငါ ၏သန့်ရှင်း ရာဌာနကိုလည်း ညစ်ညူး စေကြ ၏။ သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို မ ပိုင်းခြား ၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာ တို့ကို ရောနှော ကြ၏။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲ ကြ၏။ သူ တို့ အလယ် ၌ ငါသည်ရှုတ်ချ ခြင်းကို ခံရ၏။