အလင်း ကို နေ့ဟူသောအမည်ဖြင့်၎င်း ၊ မှောင်မိုက် ကို ညဉ့် ဟူသောအမည်ဖြင့်၎င်း ၊ ခေါ်ဝေါ် သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည် ပဌမ နေ့ရက် ဖြစ် လေ၏။
TSK
TSK · ထွက်မြောက်ရာကျမ်း။ 27:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
ငါပေး သော သက်သေခံချက် ကို၊ ထိုသေတ္တာ ထဲမှာ ထား ရမည်။
တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
ခါးပန်း ကိုလည်း စည်း ၍ ၊ ဦးထုပ် ကိုလည်း ဆောင်း စေပြီးလျှင်။ သူ တို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင် ရမည်။ ထိုသို့ အာရုန် နှင့် သူ ၏သား တို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားရမည်။
ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် သင် နှင့် ငါတွေ့ ၍ နှုတ်ဆက်ရာအရပ် ၊ ထာဝရဘုရား ရှေ့ တော် ၌၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ အစဉ်မပြတ် မီးရှို့ သောယဇ်ကို ပူဇော်ရကြမည်။
ညဦး ယံ၌ လည်း မီးခွက် တို့ကို ထွန်း သောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို ရှို့ ရမည်။ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
အချို့ ကိုလည်း ညက်ညက်ထောင်း ပြီးမှ ၊ ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ သက်သေခံ ချက်ရှေ့ မှာ ထား ရမည်။ သင် တို့တွင် အလွန်သန့်ရှင်း ရမည်။
ပူဇော် သော သိုး၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက် တလက်ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသော ပူဇော် သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ယဇ် ပလ္လင်ပေါ်မှာ မီး ရှို့ရမည်။
ယဇ် ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေး ကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၌ရှိသောထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ၍ ၊ ဆီဥ ကိုလည်း ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ရှို့ရမည်။
ထို နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို စီရင် ရကြမည်။ လောကီအလုပ် ကို မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
ထိုမုန့်ကို အာရုန် နှင့် သူ ၏သား တို့သည် ပိုင်၍၊ သန့်ရှင်း ရာ ဌာန တော်၌ စား ရကြမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ် တော်အတိုင်း၊ အာရုန် အဘို့ အလွန်သန့်ရှင်း သော အရာဖြစ် သည်ဟု မိန့်တော်မူ၏။
လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
ဤရွေ့ကား ၊ သင် တို့သည် နေ လေရာရာ ၌ သားမြေး အစဉ်အဆက်စောင့်ရသောစီရင် ထုံးဖွဲ့ချက် ဖြစ် သတည်း။
ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။
¶ ထာဝရဘုရား ၏ အိမ် တော်၌ ညဉ့်ယံ စောင့် သော ထာဝရဘုရား ၏ ကျွန် တော်အပေါင်း တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
မှောင်မိုက် ထဲမှာ ရှိ နေသောလူ များတို့သည် ကြီးစွာ သောအလင်း ကို မြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင်ရှိ နေသော သူ တို့၌ အလင်း ပေါ်ထွန်း လျက်ရှိ၏ဟု ဟောထားသတည်း။
ယောဟန်သည်ညှိ ထွန်း၍ လင်း သောဆီမီး ဖြစ် ၏။ သင် တို့သည် သူ၏ အလင်း ၌ ခဏ သာမွေ့လျော် ခြင်းငှာအလိုရှိ ကြ၏။
ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ၍ ကြယ်နီပေါ်ထွက် သည် ကာလ တိုင်အောင် ၊ ထို အနာဂတ္တိ စကား တော်ကို မှောင်မိုက် အရပ် ၌ ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။