သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
TSK
TSK · ဟောရှေအနာဂတ္တိကျမ်း 2:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။
တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ၊ ဇိဒုန် ဘုရား ၊ မောဘ ဘုရား ၊ အမ္မုန် ဘုရား ၊ ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ၍ ထာဝရဘုရား ကို ဝတ် မ ပြုစွန့် ထားကြ၏။
¶ နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ၍ ၊ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။
အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ ၍ နာ နေသောကြောင့် ၊ ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏
ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏
အမှုတော် တို့ကို၎င်း ၊ ပြ တော်မူသောအံ့ဩ ဘွယ် တို့ကို၎င်း မေ့လျော့ ကြ၏။
အဲဂုတ္တု ပြည်၌ ကြီး သော အမှုတို့ကို၎င်း၊
သင်ကလည်း၊ ငါသည် ညစ်ညူး ခြင်းမ ရှိ၊ ဗာလ ဘုရားတို့ နောက် သို့မ လိုက် ဟု အဘယ်သို့ ဆို နိုင်သနည်း။ ချိုင့် ၌ သင် လိုက်သော လမ်း ကိုကြည့်ရှု လော့။ သင်ပြု သော အမှုတို့ကို ဝန်ခံ လော့။ လျင်မြန် စွာ ပြေး၍ လှည့်လည် တတ်သော ကုလားအုပ် မပါတကား။
သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊
အိုယုဒ ပြည်၊ သင် သည်မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ ယေရုရှလင် မြို့လမ်း များ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ် ပလ္လင်များ၊ ဗာလ ဘုရားရှေ့ မှာ နံ့သာပေါင်း ရှို့ ရာ ယဇ်ပလ္လင် များကို တည် ကြပြီ။
ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို ကျွေးမွေး ရသောသိုးထိန်း တို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစု ကို မ ကြည့်ရှု ၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြား စေ၍ နှင်ထုတ် သောကြောင့်၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကို သင် တို့အပေါ် မှာ ငါ သက်ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
အသက်ကြီး သူတို့သည် မြို့တံခါးဝ ၌ ၎င်း ၊ လူပျို တို့သည် ပွဲ သဘင်၌ ၎င်း ကွယ်ပျောက် ကြပါ၏။
သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။
ထိုမှတပါး ၊ သင်သည်တမန် တို့ကို စေလွှတ် ၍ ၊ ဝေး သောအရပ်မှ ယောက်ျား တို့ကိုခေါ်၍ သူတို့သည် လာ ကြ၏။ သူတို့အဘို့ သင် သည် ရေချိုးခြင်း၊ မျက်စိ ၌ ဆေး ထိုးခြင်း၊ တန်ဆာဆင် ခြင်းကို ပြုပြီးလျှင်၊
သူ သည် ရည်းစား တို့ကို လိုက် သော်လည်း မ မှီ ၊ ရှာ သော်လည်း မ တွေ့ ဘဲ နေရသောအခါ၊ လင် ဟောင်းထံသို့ ငါပြန် သွားမည်။ ယခု နေရာထက် အရင် နေရာသာ၍ ကောင်း သည်ဟု ဆို လိမ့်မည်။
တောင် ထိပ် ပေါ် ၊ ကုန်း ပေါ် မှာ၎င်း ၊ အရိပ် ကောင်း သောသပိတ် ပင်မျိုး၊ လိဗနော ပင် အောက် မှာ၎င်း ၊ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့် ၊ သင် တို့သမီး တို့သည် ယောက်ျား နှင့် မှားယွင်း၍ ၊ ချွေးမ တို့သည် မျောက်မထား တတ်ကြ၏။
စစ်ကြော ရသော အချိန် ရောက် လေပြီ။ အပြစ် ပေးရသောအချိန် ရောက် လေပြီ။ ဣသရေလ အမျိုး သိ ရလိမ့်မည်။ ပရောဖက် သည် အမိုက် ဖြစ်၏။ ဝိညာဉ် ဆု ကျေးဇူးကိုခံ သောသူ သည် အရူး ဖြစ်၏။ သင် ၌ အပြစ် ကြီး သည်အတိုင်း ကြီးစွာ သော ဖျက်ဆီး ခြင်းကို ခံရ၏။
သူ တို့ကို ခေါ် သောသူတို့ ထံမှ ထွက်သွား ကြ၏။ ဗာလ ဘုရားတို့အား ယဇ် ပူဇော်၍ ရုပ်တု ဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ ကြ၏။
ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။