¶ မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 21:10
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဂျုံ စပါးကိုကား နယ် တတ်၏။ သို့သော်လည်း၊ အစဉ် နယ် တတ်သည်မ ဟုတ်။ လှည်း ဘီး နှင့် မြင်း တို့ကို နှင် သော်လည်း ၊ စပါး ကို ညက် စေတတ်သည်မဟုတ်။
အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။
အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။
လက် တော်တွင် စံကော ပါလျက်၊ မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့် ၊ မိမိ ဂျုံ စပါးကို ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့်ရှို့ တော်မူလတံ့ဟု ယောဟန်ဟောပြော ၏။