TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 21:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။

လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။

လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။

လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။

ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။

ထိုနောက်မှဗာဗုလုန် မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး သဖြင့် ၊ တပြည်လုံး မိန်းမော တွေဝေ၍ ၊ သူရဲ အပေါင်း တို့သည် မြို့ ထဲမှာ လဲ လျက်သေကြသော အချိန် ရောက် လိမ့်မည်။

ဗာဗုလုန် မြို့သည် ဤသို့နစ် ရလိမ့်မည်။ ငါ ရောက် စေသော ဘေးဥပဒ် ထဲကနောက်တဖန် မ ထမြောက် ရ။ မြို့သူမြို့သားတို့သည် အားကုန် လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆို ရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား ၊ ယေရမိ စကား ပေတည်း။

ထိုနောက်မှ ကောင်းကင်တမန် တစ်ပါး သည် ကြီးစွာ သော တန်ခိုး နှင့်ပြည့်စုံ ၍ ကောင်းကင် က ဆင်းသက် သည်ကို ငါမြင် ၏။ သူ ၏ ရောင်ခြည် အားဖြင့် မြေကြီး ထွန်းလင်း လျက်ရှိ၏။