TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 28:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။

ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။

ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကိုလုပ်ကြံ ပြီးမှ ၊ ထာဝရဘုရား သည် ရေ ထ၍ ဖြိုဖျက် သကဲ့သို့ ၊ ငါ့ ရန်သူ တို့ကို ငါ့ ရှေ့ မှာ ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင်စေသတည်း။

ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကို လုပ်ကြံ ပြီးမှ ၊ ဘုရားသခင် သည် ရေ ထ၍ဖြိုဖျက် သကဲ့သို့ ငါ့ ရန်သူ တို့ကို ငါ့ အားဖြင့် ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင် စေသတည်း။

သို့သော်လည်း၊ ထာဝရ ဘုရားသည် ဇိအုန် တောင် နှင့် ယေရုရှလင် မြို့၌ အမှုတော် ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာန ထောင်လွှားခြင်း၊ မော် သော မျက်နှာ နှင့် စော်ကား ခြင်းကို ငါကြည့်ရှု၍ စီရင် မည်။

ထိုကြောင့်၊ အံ့ဩ ကြောက်မက်ဘွယ်သောအမှု ကို ဤ လူမျိုး တွင် တဖန် ငါ ပြုဦးမည်။ သူ တို့တွင် ပညာရှိ တို့၏ ပညာ သည် ပျက်စီး လိမ့်မည်။ ဉာဏ် ကောင်းသောသူတို့ ၏ ဉာဏ် လည်း ကွယ် ပျောက်လိမ့်မည်ဟု မိန့် တော်မူ ၏။

မီး သည်အမှိုက် ကို လောင် သကဲ့သို့ ၎င်း၊ ရေ ကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူ တို့သည် နာမ တော်ကို သိ ၍၊ ရှေ့ တော်၌ လူ အမျိုးမျိုးတို့သည် တုန်လှုပ် ကြပါလိမ့်မည်။

လမ်း ၌ ရှောက် သွားသမျှ သောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်း ရာဘွဲ့ ရှိသောမြို့ ကား ဤ မြို့လော ဟု၊ ယေရုရှလင် သတို့သမီး ကို လက်ခုပ် တီး လျက် ၊ ကဲ့ရဲ့ သံကိုပြုလျက်၊ ခေါင်း ကို ညှိတ် လျက် မေး တတ်ကြ၏။

သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။