TSK

TSK · ရှင်ယာကုပ်ဩဝါဒစာ။ 2:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

သို့ရာတွင် ၊ ငါ တို့သည်ကောင်းမွန် စွာ မ ပြု ပါ တကား။ ယခု နေ့ သည် ကောင်း သော သိတင်းကို ကြားပြောရသောနေ့ ဖြစ်လျက် ၊ ငါ တို့သည် မ ကြားမပြော ဘဲ နေပါပြီတကား။ မိုဃ်းလင်း သည်တိုင်အောင် မပြောဘဲ နေလျှင် အမှု တစုံတခုရောက် လိမ့်မည်။ သို့ဖြစ်၍ နန်းတော် ၌ သိတင်းကြားပြော အံ့သောငှါ ငါတို့သည် သွား ကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊”

ဘုရား သခင်ကလည်း ၊ သင်သည် ကြက်ဆူ ပင် အတွက် အမျက် ထွက်ကောင်း သလောဟုမေး တော်မူလျှင် ၊ ယောနက၊ အကျွန်ုပ် သည် အသက်သေ သည် တိုင်အောင် အမျက် ထွက်ကောင်း ပါသည်ဟု လျှောက် ဆို၏။

အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။

ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ဒုတိယ ပညတ်သည် ပဌမ ပညတ် နှင့်သဘောတူ၏။ ဤ ပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ် မ ရှိ “ဟုပြန်၍ မိန့် တော်မူ၏။

အချင်းချင်း ချစ် ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေး မျှ မ တင်စေနှင့်။ သူတစ်ပါး ကိုချစ် သောသူ သည် အကျင့် တရားနှင့်ပြည့်စုံ ပြီ။

ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။

ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း မ ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။

လွှတ် ခြင်းတရား အတိုင်း စီရင် ခြင်းကို ခံရ လတံ့ သောသူကဲ့သို့ ၊ စကား ပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။

သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။