TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 2:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။

အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။

သူ တို့စပျစ် နွယ်ပင်သည် သောဒုံ စပျစ် နွယ်ပင် မျိုး၊ ဂေါမောရ မြေ ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူ တို့ စပျစ်သီး သည် ခါး သောအပင်၏ အသီး ဖြစ်၍၊ စပျစ်သီးပြွတ် တို့သည် ခါး သောအရသာနှင့် ပြည့်စုံကြ၏။

တပါး အမျိုးသားတို့ကို လက် တော်ဖြင့် နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေး များကို နေရာ ချတော်မူ၏။ တပါး အမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေး များကို ပြန့်ပွါး စေတော်မူ၏။

သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။

သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။

မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်း စေပြီးမှ ၊ အကောင်းဆုံးသော စပျစ် နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ ၏။ ဥယျာဉ် ထဲ မှာ မှီခိုရာတဲလင့် ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်း ကိုလည်း တူး တော်မူ၏။ ထိုအခါ စပျစ်သီး ကို သီး မည် ဟုမြော်လင့် သည်ရှိသော်၊ ဗောရှ သီး ကို သီး ပါသည်တကား။

စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။

စိမ်းလန်း လှပ ၍ ကောင်းသော အသီး ကို သီးသောသံလွင် ပင်ဟု၊ သင့် ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီး သော အသံ ဗလံနှင့် ထိုအပင် ကို မီးရှို့ တော်မူ၍ ၊ အခက် အလက်တို့သည် ကျွမ်း လောင်ကြ၏။

အချင်းလူသား ၊ သစ်တော ၌ သစ်ခက် သာမညဖြစ် သော စပျစ် နွယ်သား သည် အခြားသောသစ်သား ထက် မြတ်သောအရာ တစုံ တခုရှိ သလော ။

¶ ထိုအခါ ဥပမာ အားဖြင့် မိန့် တော်မူသည်ကား၊ လူ တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သောသူတို့ အား ဥယျာဉ် ကိုငှား ၍ ၊ အခြားသောပြည်သို့သွား လေ၏။”

¶ ငါ သည် မှန် သောစပျစ် နွယ်ပင်ဖြစ် ၏။ ငါ့ ခမည်းတော် သည်လည်း ဥယျာဉ်စောင့် ဖြစ် တော်မူ၏။