¶ ယခု မူကား ၊ ဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံသို့ သွား ၍ လျှောက် လော့ဟု ကိုယ်တော် မိန့် တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည်ဟု ပြန်ဆို၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 18:4
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ့ ကိုရန်ဘက်ပြု၍ ဝန်းရံ သော သူ အထောင် အသောင်းကို ငါမ ကြောက် ဘဲနေမည်။
¶ လိုက် သောသူမ ရှိသော်လည်း ၊ မ တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။
¶ ဂါလိလဲ ပြည်၌ နေကြစဉ်တွင် ယေရှု က၊ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီ။
နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
¶ ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။
¶ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။
တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။
ငါ သည် ကိုယ် အသက် ကိုစွန့် ၍ နောက် တဖန်ယူ ဦးမည်ဖြစ်သောကြောင့် ၊ ငါ့ ခမည်းတော် သည် ငါ့ကို ချစ် တော်မူ၏။
ကိုယ်တော် ကို အပ်နှံ မည့်သူ ကို သိ တော်မူသောကြောင့် ၊ သင်တို့တွင် အချို့မ စင်ကြယ် ဟု မိန့် တော်မူသတည်း။
ထိုနောက်မှ ကျမ်းစာ ပြည့်စုံ စေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီး သည်ကို သိ တော်မူလျှင်၊ ရေငတ် သည်ဟု မိန့် တော်မူ၏။
ထိုသူများတို့သည်ကြား ရလျှင်၊ တစ် ညီတစ်ညွတ် တည်း ဘုရားသခင့် ထံသို့ အသံ ကိုလွှင့် လျက် ၊ အစိုးရတော်မူသောအရှင် ၊ ကိုယ်တော် သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ထိုအရပ်တို့၌ ရှိသမျှ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
¶ ထိုသို့ ခရစ်တော် သည် ကိုယ်ခန္ဓာ တော်၌ ငါတို့အတွက်ခံ တော်မူသည်မှန်သောကြောင့်၊ သင် တို့လည်း ထိုသို့သောသဘော ကို လက်နက် ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား ၊ ကိုယ်ခန္ဓာ ၌ခံ သောသူ သည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်း သည်ဖြစ်၍၊