လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 21:22
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လျှပ်စစ် သည် အရှေ့ မှ ပြက် ၍အနောက် တိုင်အောင် ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် ကြွလာ တော်မူလတံ့ ။
လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။
အကြောင်းမူကား ၊ သင်တို့သည် ထို မုန့် ကိုစား ၍ ထို ခွက် ကို သောက် သောအခါ ခါ ၊ သခင် ဘုရားအသေခံ တော်မူခြင်းကို ကြွလာ တော် မ မူမှီတိုင်အောင်ပြ ကြ၏။
ကြည့်ရှု လော့။ မိုဃ်းတိမ် နှင့်တကွ ကြွလာ တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ထိုးဖောက် သော သူ တို့နှင့် ရှိသမျှ သောသူတို့သည် ကိုယ်တော် ကို ရှုမြင် ရ ကြလိမ့်မည်။ မြေကြီး သားအမျိုးမျိုး ရှိသမျှ တို့သည် ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်းရကြလိမ့်မည်။ မှန် ပေ၏။ အာမင် ။
ငါသည်အလျင်အမြန် လာ မည်။ သင် ၏ သရဖူ ကို အဘယ်သူ မျှမယူ စေခြင်းငှာ ၊ ရ ခဲ့ပြီးသော အရာ ကို စွဲကိုင် လော့။
ငါသည် အလျင်အမြန် လာ မည်မှန် ပေ၏ဟု၊