TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 6:63

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။

ထာဝရဘုရား ၏ တရား တော်သည် စုံလင် သည် ဖြစ်၍စိတ် ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား ၏ သက်သေခံ တော်မူချက်သည် ဟုတ်မှန် သည်ဖြစ်၍မ လိမ္မာသောသူတို့ ကို လိမ္မာ စေတတ်၏။

ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မ မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။

ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။

သင် သည်ပညတ် တရားကို ကျင့်လျှင် ၊ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ် တရားကို လွန်ကျူး လျှင် ၊ သင် ၏အရေဖျားလှီး ခြင်းသည် အရေဖျား မလှီးဘဲဖြစ် ပြန်၏။

ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။

သို့ဖြစ်၍ ၊ ယုံကြည် ခြင်းသည် ကြားနာ ခြင်းအားဖြင့် ဖြစ်၏။ ကြားနာ ခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကား တော်အားဖြင့် ဖြစ်၏။

ထိုကြောင့် သခင် ဘုရား၏ မုန့် နှင့် ခွက် ကို မ ထိုက်မတန်ဘဲ စား သောက် သောသူ မည်သည်ကား၊ သခင် ဘုရား၏ ကိုယ် တော်နှင့် အသွေး တော်ကို ပြစ်မှား ရာရောက် ၏။

ပဋိညာဉ် တရားသစ် ၏ ဆရာ ဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင် သည် ငါ တို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရား ကိုမ ဆိုလို၊ ဝိညာဉ် တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရား သည် အသက်ကိုသတ် တတ်၏။ ဝိညာဉ် တော်တရားမူကား ရှင် စေတတ်၏။

သို့ဖြစ်၍ငါတို့သည်ဝိညာဉ် ပကတိကြောင့် အသက် ရှင်လျှင် ၊ ဝိညာဉ် ပကတိအတိုင်းကျင့် ကြကုန်အံ့။

ငါ တို့ဟောပြော သော ဘုရားသခင် ၏ နှုတ်ကပတ် တရားကို သင်တို့သည် ခံယူ ကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကား ကို မခံမယူဘဲ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်အမှန် ဖြစ် သည်နှင့်အညီ ၊ ယုံကြည် ခြင်း သို့ရောက်သော သင် တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူ ကြသည် အကြောင်း အရာကို ငါ တို့သည် အစဉ်မပြတ် ချီးမွမ်း ကြ၏။

ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏

နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။

ခရစ်တော် သည် ကိုယ်ခန္ဓာ အားဖြင့်အသေ သတ်ခြင်းကိုခံ၍၊ ဝိညာဉ် တော်အားဖြင့်အသက် ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါ တို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် ခြင်းငှာ ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မ ဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တစ်ခါ ခံ တော်မူ၏။