TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 8:40

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မတရား သောသူသည် ဖြောင့်မတ် သော သူတဘက် ၌ ကြံစည် ၍ အံသွား ခဲကြိတ် တတ်၏။

သင် တို့အမှု ၌ ငါပြောဆို စီရင် စရာများစွာ ရှိ၏ ။ သို့သော်လည်း ငါ့ ကိုစေလွှတ် သောသူ သည်သစ္စာ နှင့် ပြည့်စုံ တော်မူ၏။ သူ ၏အထံ တော်၌ ငါ ကြား သမျှကိုသာ ဤလောက ၌ ငါဟောပြော သည် ဟု မိန့် တော်မူ၏။

သင် တို့အဘ အာဗြဟံ သည် ငါ ကြွလာမည့်အချိန် ကာလကို မြော်မြင် ခြင်းငှာ အလွန်အလိုရှိ ၏။ မြင် ရသောအခါ ဝမ်းမြောက် ခြင်းသို့ရောက်သည် ဟု မိန့် တော်မူ၏။

ယခုမူကား၊ ငါသည်သမ္မာတရား ကို သင် တို့အား ဟောပြောသောကြောင့် သင် တို့၏ရန်သူ ဖြစ် သလော။

ထိုကြောင့် ကောင်းကင် နှင့် ကောင်းကင် သားတို့ ရွှင်လန်း ကြလော့။ မြေကြီး နှင့် ပင်လယ် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ မာရ်နတ် သည် မိမိကာလ တခဏ သာရှိသည် ကို သိ ၍၊ ပြင်းစွာ သော ဒေါသ အမျက်နှင့်တကွသင် တို့ရှိ ရာသို့ ဆင်း လေပြီဟု ဆိုကြသည်ကို ငါကြား၏။