TSK

TSK · ရှင်ယုဒဩဝါဒစာ။ 1:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

လူ သည် သေ လျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲ ချိန်မ ရောက် မှီ၊ ပင်ပန်း စွာ အမှုထမ်းရသော နေ့ ရက်ကာလပတ်လုံး သည်းခံ လျက်နေ ပါမည်။

သင် တို့အရှင် သည် အဘယ် အချိန်နာရီ ၌ရောက်လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြ လော့။

အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။

ခမည်းတော် သည် ငါ့ ကိုချစ် တော်မူသကဲ့သို့ ငါ သည်သင် တို့ကိုချစ် ၏။ ငါ ၏ချစ် ခြင်းမေတ္တာ၌ တည်နေ ကြလော့။

ထို မြော်လင့် ခြင်းသည် ရှက်ကြောက် စရာ အကြောင်းနှင့် ကင်းလွတ် ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့အားပေး တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်သည် ဘုရားသခင် ၏မေတ္တာ တော်ကို ငါ တို့ စိတ် နှလုံးထဲသို့ ညွှန်းလောင်း တော်မူ၏။

အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။

ဘုရားသခင် ကို ချစ် စေခြင်းငှာ၎င်း၊ ခရစ်တော် ၏နည်းတူသည်းခံ စေခြင်းငှာ၎င်း၊ သခင် ဘုရားသည် သင် တို့စိတ် နှလုံးကို ပြင်ဆင် တော်မူပါစေသော။

သူသည်ထို နေ့ရက် ၌ သခင် ဘုရား၏လက်မှ ကရုဏာ တော်ကို ခံရ မည်အကြောင်း၊ ထာဝရ ဘုရားသည် ပေး သနားတော်မူပါစေသော။ သူသည်ဧဖက် မြို့၌ လည်း ငါ့ကို အဘယ်မျှလောက် ပြုစု သည်ကို သင် သည် အမှန် သိ ၏။

ငါတို့ကို ဆုံးမသွန်သင်၍၊ လူ အပေါင်း တို့ကို ကယ်တင် တတ်သော ဘုရားသခင် ၏ကျေးဇူး တော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏။

မိုဃ်း ကောင်းကင်သည် မီး နှင့်ပျက် ၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင် ၏ နေ့ ရောက် လိမ့်မည်ဟုသင် တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်း သောအကျင့်ကိုကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ် အပ် ကြသနည်း။

ဘုရားသခင် သည် ငါ တို့ကိုချစ် တော်မူခြင်းမေတ္တာတော်ကိုငါ တို့သည်သိ ၍ ယုံကြည် ကြ၏။ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာဖြစ် တော်မူ၏။ ချစ် ခြင်းမေတ္တာ၌ တည် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။

ဘုရားသခင် ၏သား ဖြစ်သမျှ သောသူတို့သည် ဒုစရိုက် ကိုမ ပြုတတ်သည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ သည်၊ မိမိ ကိုမိမိစောင့်ရှောက် သဖြင့် ၊ မာရ်နတ် သည်ထိုသူ ကို မ ထိ မခိုက်နိုင်ရာ။

ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင် တို့ကို စောင့်ရှောက် ခြင်းငှာ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလျက်ရှိသောသင်တို့ကို ဘုန်း အသရေတော်ရှေ့ ၌ ဆက်သ ခြင်းငှာ၎င်း တတ်နိုင် တော်မူသော သူ တည်းဟူသော။