TSK

TSK · ဝတ်ပြုရာကျမ်း 13:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယဇ် ပုရောဟိတ်သည် ကြည့်ရှု ရမည်။ နူကွက် အမွေး ဖြူ ၍ အရေ အောက်၌ စွဲဟန် ရှိလျှင် ၊ မီး လောင်နာ ထဲက ထွက် သော နူနာ ဖြစ်၏။ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ မှန်၏။

ယဇ် ပုရောဟိတ်သည် အနာ စွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ် ရက် ပတ်လုံးလုံခြုံ စွာ ထားရမည်။

ထာဝရဘုရား ကလည်း ၊ သူ ၏ အဘ သည် သူ ၏ မျက်နှာ ကို တံထွေး နှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ် ရက် ပတ်လုံးအရှက် ကွဲခြင်းကိုခံရမည် မ ဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန် ဝင်စေဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊

သိတင်း ကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့ သော စက်ဆုပ် ဘွယ်အမှုကို သင် တို့တွင် အမှန် ပြု မိလျှင်၊

ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထား သော အရာတို့ကို ပွင့်လင်း စေ၍ စိတ် နှလုံးအကြံအစည် များကို ထင်ရှား စေလတံ့သော သခင် ဘုရားကြွလာ တော်မ မူမှီ တိုင်အောင် အဘယ် အမှုကိုမျှ အဆုံးအဖြတ်မ စီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီး တို့သည် ဘုရားသခင် ချီးမွမ်း တော်မူခြင်းကျေးဇူးကို ခံရ ကြလတံ့။