ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။
TSK
TSK · ရှင်လုကာခရစ်ဝင်။ 21:36
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လာ တော်မူသော နေ့ ရက်ကို အဘယ်သူ သည် မ တိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်း တော်မူ သောအခါ အဘယ်သူ သည် ခံရ လိမ့်မည်နည်း။ ထို သခင် သည် ငွေ စစ်သောသူ၏မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။
သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
ထို အချိန် ကာလသည် အဘယ် အခါ၌ ရောက် မည်ကို သင်တို့မ သိ သောကြောင့် သတိပြု ၍ဆုတောင်း လျက် စောင့် နေကြလော့။”
အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။
နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။
သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။
ကာလ အစဉ် စိတ် နှလုံးပါလျက် ဆုတောင်း ပဌာနာ ပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ ဘဲလျက် ၊ ငါမှစ၍သန့်ရှင်း သူအပေါင်း တို့အဘို့ ဆုတောင်း လျက် စောင့်ရှောက် ကြလော့။
မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။
သင် မူကား ၊ အရာရာ ၌ သမ္မာ သတိရှိစေလော့။ ဆင်းရဲ ဒုက္ခကိုသည်းခံလော့။ သာသနာပြု ဆရာ ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် လော့။ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင် တို့ကို စောင့်ရှောက် ခြင်းငှာ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလျက်ရှိသောသင်တို့ကို ဘုန်း အသရေတော်ရှေ့ ၌ ဆက်သ ခြင်းငှာ၎င်း တတ်နိုင် တော်မူသော သူ တည်းဟူသော။