TSK

TSK · ရှင်မာကုခရစ်ဝင်။ 10:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။

ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ် ခြင်းငှာငါလာ သည်ဟု မ ထင် ကြနှင့်။ ဖျက်ပယ် ခြင်းငှာငါလာ သည်မ ဟုတ်။ ပြည့်စုံ စေခြင်းငှာငါလာသတည်း။

¶ ထိုသို့ ဆွေးနွေး ငြင်းခုံကြသည်ကို ကျမ်းပြု ဆရာတစ် ယောက်သည်ကြား ၍၊ ကိုယ်တော်သည် လျောက်ပတ် စွာ ပြန်ပြော တော်မူသည်ကို သိမြင် လျှင် အထံတော်သို့ချဉ်းကပ် ၍ ၊ ပညတ်တကာ တို့တွင် အဘယ် မည် သော ပညတ် သည်သာ၍ မြတ်သနည်းဟု မေးလျှောက် သော်၊

သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကို မ ပြစ်မှားနှင့်။ လူအသက်ကိုမသတ် နှင့်။ သူ့ဥစ္စာကိုမ ခိုး နှင့်။ မမှန် သော သက်သေကို မ ခံနှင့်။ မိဘ ကို ရိုသေ စွာပြုလော့ ဟု မိန့် တော်မူလျှင် ၊

အကြောင်းမူကား၊ သူ့မယားကိုမ ပြစ်မှား နှင့် ၊ လူအသက်ကို မ သတ် နှင့်၊ သူ့ဥစ္စာကိုမ ခိုး နှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မ ရှိ စေနှင့်ဟူသော ပညတ်မှစ၍အခြား သော ပညတ် ရှိသမျှတို့သည်၊ ကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ၊ ချစ် လော့ဟူသော ပညတ် တစ်ခု ၌ အပါအဝင် ဖြစ်ကြ၏။

ပညတ် တရားအောက် ၌နေ ချင် သောသူ တို့၊ သင်တို့သည် ပညတ် တရားကိုနား မ လည်ကြသလော။

ဤ အမှုအရာ ၌ လွန်ကျူး ၍ ညီအစ်ကို ကို ပရိယာယ်အားဖြင့်မ ပြစ်မှား စေခြင်းငှာ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက် က ဟောပြော၍ သစ္စာ ပေးနှင့် သည်အတိုင်း ၊ သခင် ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်း တို့ဘက်၌ တရား စီရင်တော်မူလိမ့်မည်။