TSK

TSK · ရှင်မာကုခရစ်ဝင်။ 10:43

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုအခါ ကိုယ်တော်သည် ထိုင် လျက် တစ်ကျိပ် နှစ်ပါးတို့ကိုခေါ် တော်မူ၍ ၊ အရင် အဦးဖြစ်လို သောသူ မည်သည်ကား နောက်ဆုံး ဖြစ် ရမည်။ အလုံးစုံ တို့၏ အစေခံ လည်း ဖြစ် ရမည်” ဟု မိန့် တော်မူ၏။

ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကားနှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သော သူ မည်သည်ကားချီးမြှောက် ခြင်းသို့ ရောက်လတံ့ ဟု မိန့် တော်မူ၏။

သင် တို့သည် ငါ့ ကိုအရှင် ဘုရားဟူ၍၎င်း ၊ သခင် ဟူ၍၎င်းခေါ် တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကား ဖြစ်၏။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါ မှန်၏။

သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။