TSK

TSK · ရှင်မာကုခရစ်ဝင်။ 11:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဒါဝိဒ် သည်လည်း ငို လျက် ၊ ဦးခေါင်း ကို ခြုံ လျက် ၊ ခြေနင်း ကိုချွတ်လျက် သံလွင် တောင် ပေါ် သို့ တက် လေ ၏။ နောက်တော်၌ လိုက်သော သူ အပေါင်း တို့သည်လည်း ဦးခေါင်း ကိုခြုံ လျက် ငိုကြွေး လျက် တက် ကြ၏။

¶ ယေရုရှလင် မြို့အနီး သို့ချဉ်း၍ သံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာသို့ ရောက် ကြသောအခါ ယေရှု သည် တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍ ၊

ထိုနောက် သံလွင် တောင် ပေါ်မှာ ထိုင် တော်မူစဉ်၊ တပည့် တော်တို့သည် အခြား သူမပါဘဲချဉ်းကပ် ၍၊ ထို အမူအရာတို့သည် အဘယ် ကာလမှ ဖြစ် မည်ကို၎င်း၊ ကိုယ်တော် သည်ကြွလာ ၍ ဤ ကပ်ကမ္ဘာကုန် သော ပုပ္ပ နိမိတ်သည် အဘယ် နိမိတ်ဖြစ်မည်ကို၎င်း အမိန့် ရှိတော်မူပါဟု လျှောက် ကြ၏။

တစ်ကျိပ် နှစ်ပါးသောတပည့်တော်တို့ကို ခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နိုင်စေခြင်းငှာအခွင့် ပေး လျက် ၊ နှစ် ယောက်စီနှစ် ယောက်စီစေလွှတ် တော်မူ၍ ၊

ကိုယ်တော် သည် တပည့် တော်နှစ် ယောက်တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် မြို့ ထဲသို့ သွား ကြ။ ရေ အိုး ဆောင် သောသူ ကို တွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ ၊”

ထိုအခါ ယေရုရှလင် မြို့နှင့်ဥပုသ်နေ့ တစ်နေ့ခရီး သာကွာ ၍ သံလွင် အမည်ရှိသောတောင် မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန် ကြ၏။