ငါ့ သား ၊ သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 12:17
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဘုရား သခင့်ထံ တော်၌ သစ္စာဂတိ ပြု မိလျှင် ၊ သစ္စာဝတ်ကို မ ဖြေ ဘဲမနေနှင့်။ မိုက် သောသူတို့ကို အားရနှစ်သက် တော်မ မူ။ သစ္စာဂတိ ပြုသည်အတိုင်း ဝတ် ကို ဖြေလော့။
ပေတရု သည် အိမ် သို့ ဝင် သောအခါ ၊ ယေရှု သည် တင်ကူး ၍၊ အချင်းရှိမုန် ၊ သင် သည်အဘယ်သို့ ထင် သနည်း။ လောကီ ရှင်ဘုရင် တို့သည် အဘယ်သူ မှာ အခွန် ကိုခံ ကြသနည်း။ မိမိ သား မှာ ခံကြသလော။ သူတစ်ပါး မှာ ခံကြသလော၊ ဟုမေး တော်မူလျှင်၊
¶ ပရိသတ် များတို့သည် ကြား ရလျှင် ဆုံးမ ဩဝါဒပေးတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏။
သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။”
သင် တို့၏ကိုယ်အင်္ဂါ များကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မ ဆက် ကြနှင့်။ သေ ခြင်းမှ ထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ၊ ဘုရားသခင် အား ကိုယ်ကိုကိုယ် ဆက် ကြလော့။
ထိုကြောင့်၊ လူအသီးအသီး ခံထိုက် သည်အတိုင်း ပေး ကြလော့။ အခွန် ကိုခံထိုက်သောသူ အား အခွန် ကို ၎င်း၊ အကောက် ကို ခံထိုက်သော သူ အား အကောက် ကို၎င်း ပေးကြလော့။ ကြောက် ထိုက်သောသူ ကို ကြောက် ကြလော့။ ရိုသေ ထိုက်သောသူ ကို ရိုသေ ကြလော့။
သို့မဟုတ် သင်းဝင်သူအပေါင်း တို့သည် ပရောဖက် ပြု၍ နေကြစဉ်တွင်၊ မယုံကြည် သောသူ ၊ မတတ် သောသူသည် ဝင်လာ လျှင် ၊ သင်းဝင်သူအပေါင်း တို့သည် သူ၏အပြစ်ကို ဖော်ပြ ၍ သူ့ကို စစ်ကြော စီရင် ကြ၏။
ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။