အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင် နေ၍၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကိုမခံသော ကိုယ် ရှိ သောတပါး အမျိုးသားသည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ မ ဝင် ရ။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 13:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။
ထို့ကြောင့် ပရောဖက် ဒံယေလ ဟော သည်အတိုင်း ဖျက်ဆီး တတ်သောရွံ့ရှာဘွယ် အရာ သည် သန့်ရှင်း သောအရပ် ဌာန၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။
ဖိလိပ္ပု သည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ၌ ဘတ် သည်ကိုကြား လျှင်၊ ဘတ် သောအရာ ကို နားလည် ပါ၏ လောဟု မေးမြန်း ၏။
ညီအစ်ကို တို့၊ သင်တို့သည် ဉာဏ် အရာ၌ သူငယ် မ ဖြစ် ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့ သူငယ်ဖြစ်ကြလော့။
ထို တံဆိပ် လက်မှတ်တည်းဟူသောသားရဲ ၏ နာမ ဖြစ်စေ ၊ နာမ ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မ ခံ သောသူ တစ်ယောက် မျှ မရောင်း မဝယ် စေခြင်းငှာ ၎င်း စီရင်၏။