TSK

TSK · ရှင်မာကုခရစ်ဝင်။ 14:34

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မထီမဲ့မြင် ပြုခြင်းကိုခံ ၍ ၊ လူ တို့တွင် အယုတ် ဆုံး သောသူဖြစ် ၏ ငြိုငြင် သောသူ၊ နာကြဉ်းခြင်းဝေဒနာ နှင့် ကျွမ်းဝင် သောသူဖြစ် ၏။ သူတပါးမျက်နှာ လွှဲ ခြင်းကို ခံရသော သူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင် ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မ ရိုသေ ကြ။

အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ၌ ငါ့ ကို ညှဉ်းဆဲ ၍ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော ။

ပြန်လာ ၍ တပည့် တော်တို့သည် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော် သလော။ တစ် နာရီ ခန့်မျှစောင့် နေခြင်းငှာမ စွမ်းနိုင် သလော။”

ကာလ အစဉ် စိတ် နှလုံးပါလျက် ဆုတောင်း ပဌာနာ ပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ ဘဲလျက် ၊ ငါမှစ၍သန့်ရှင်း သူအပေါင်း တို့အဘို့ ဆုတောင်း လျက် စောင့်ရှောက် ကြလော့။

သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။