ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ သည် ထာဝရဘုရား အား သန့်ရှင်း ၍ ငြိမ် ရသောဥပုသ် နေ့ဖြစ်၏။ ဥပုသ် နေ့ ၌ အလုပ် လုပ် သောသူမည်သည်ကား၊ ဧကန်အမှန် အသေ ခံရမည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 2:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဣသရေလ အမျိုးသား တို့သည် တော ၌ ရှိ ကြ သောအခါ ၊ တနေ့သောဥပုသ် နေ့ ၌ ထင်းခွေ သောသူ တယောက်ကို တွေ့ လေ၏။
ထို သို့ပြု သောသူ ၊ အမြဲစွဲလမ်း သော လူ သား သည်၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက် ကို မပြုမည်အကြောင်း၊ မိမိ လက် ကို ချုပ်တည်း လျှင် လည်း မင်္ဂလာ ရှိ၏။
ထာဝရဘုရားထံ၌ အမှု စောင့်ခြင်း၊ နာမ တော်ကို ချစ် ခြင်း၊ ကျွန် တော်ရင်းဖြစ် ခြင်း အလိုငှါ ၊ ထာဝရဘုရား ၌ မှီဝဲ သော တပါး အမျိုးသားတို့ကို၎င်း၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ၊ ငါ ၏ပဋိညာဉ် ကို စွဲလမ်း သော သူအပေါင်း တို့ကို၎င်း၊
လူ များတို့အား ပြော ဆိုရမည်မှာ၊ ဤ တံခါး တို့ဖြင့် ထွက် ဝင်သော ယုဒ ရှင် ဘုရင်များနှင့် ယုဒ ပြည်သူယေရုရှလင် မြို့သား များအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
ဖာရိရှဲ တို့သည်မြင် လျှင်၊ ကိုယ်တော် ၏ တပည့် တို့သည် ဥပုသ်နေ့ ၌ မ ပြု အပ် သောအမှု ကို ပြု ကြပါသည် တကားဟု လျှောက် ကြသော်၊
လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ၊ စမွှတ် ၊ ဇီယာ ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင် တရား သဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနား ခြင်း၊ သစ္စာစောင့် ခြင်းတည်းဟူသောပညတ် တရားတွင် လေး သောအရာ တို့ကိုကား လှပ် ၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မ လှပ် မထား၊ နောက်ဆိုသောအရာ တို့ကို ကျင့် ရမည်။
ထိုသို့ အခွန်ခံ သောသူ၊ ဆိုး သောသူ တို့နှင့်အတူ စား တော်မူသည်ကို ကျမ်းပြု ဆရာဖာရိရှဲ တို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံ သောသူ ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့်စား သောက်သနည်းဟု တပည့် တော်တို့အား ဆို ကြ၏။