အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 2:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မ တရားသောသူ၏ အကြံအစည် တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စင်ကြယ် သောသူ၏ စကား တို့ကိုကား ၊ နှစ်သက် တော်မူ၏။
ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။
ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
¶ ယေရှု သည် ထိုသူ တို့၏ ထင်မှတ် ခြင်းကိုသိ တော်မူလျှင် ၊ သင် တို့စိတ် ထဲမှာ အဘယ်ကြောင့် ထင်မှတ် ကြသနည်း။
ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
သို့သော်လည်း ယေရှု သည် ထိုသူ တို့၌ ကိုယ် ကိုအပ် တော်မ မူ။ အကြောင်းမူကား ၊ ခပ်သိမ်း သောသူတို့ကို သိ တော်မူ၏။
¶ ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။
ထိုကြောင့် သင် ၌ ယခု ဆိုးညစ် သောအမှု ကို နောင်တရ လော့။ သင် ၏စိတ် နှလုံး၌ကြံစည် ခြင်းအပြစ်ကို လွှတ်ကောင်း လွှတ် လိမ့်မည်ဖြစ်၍၊ ဘုရားသခင် ကို တောင်းပန် လော့။
သူ ၏သားသမီး တို့ကိုလည်း အသေ သတ် မည်။ ငါ သည် နှလုံး ကျောက်ကပ် ကို စစ်ဆေး တော်မူသောသူ ဖြစ် ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်း သော အသင်းတော် တို့သည် သိ ရကြလိမ့်မည်။ သင် တို့သည် အသီးအသီး ကျင့်သော အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ငါပေး မည်။